Categories
Law ဥပဒေ

ရှေ့နေများအတွက် မှတ်စရာ ဥပဒေမှတ်စုများ

ရုံးခွန်တော် ကျသင့်ငွေများ ထမ်းဆောင်ခြင်း

တရားရုံးသို့ အမိန့်ချမှတ်ပေးရန် တင်သွင်းသည့် လျှောက်လွှာ

  • မြို့နယ်တရားရုံး ၅၀ိ/- ကျပ်
  • ခရိုင်တရားရုံး ၁၀၀ိ/-ကျပ်
  • ပြည်နယ်/ တိုင်းဒေသကြီးလွှတ်တော် ၂၀၀ိ/-ကျပ်

ရုံးခွန်တော် ဆင့်စာခ ထမ်းဆောင်ခြင်း

  • မြို့နယ် တရားခံ/ တရားပြိုင် (၁)ဦးအတွက် ၅၀ိ/-ကျပ်
  • ခရိုင်တရားခံ/တရားပြိုင်(၁)ဦးအတွက် ၁၀၀ိ/-ကျပ်
  • ပြည်နယ်/တိုင်းဒေသကြီး- တရားခံ/တရားပြိုင်/ လျှောက်ထားခံရသူ(၁)ဦးအတွက် ၂၀၀ိ/-ကျပ်
  • ပြည်ထောင်စု တရားလွှတ်တော်ချုပ်လျှောက်ထားခံရသူ/ တရားပြိုင်(၁)ဦးအတွက် ၄၀၀ိ/-ကျပ်

မိတ္တူကူးတွင် ကျသင့်သည့် တံဆိပ်ခေါင်းခွန်

  • တာ၀န်ခံမိတ္တူ———————အမိန့်စီရင်ချက် ၃၅၀ိ/-ကျပ်
  • ကူးယူခ—————————-(၁)မျက်နှာ ၅၀ိ/-ကျပ်

ပုံသေရုံးခွန်များ

  • ခွင့်ပြုချက်နှင့်ထားသူ နှင်လိုမှု ၁၀၀၀ိ/-ကျပ်
  • လင်မယားကွာလိုမှု(ပစ္စည်းခန်းမပါ) ၁၀၀၀ိ/-ကျပ်
  • မြွက်ဟကြေညာပေးစေလိုမှု ၁၀၀၀ိ/-ကျပ်
  • မွေးစားခြင်းကို ပယ်ဖျက်ပေးစေလိုမှု ၁၀၀၀ိ/-ကျပ်
  • သီးခြားသက်သာခွင့် ပုဒ်မ(၉)အရစွဲဆိုမှု အမှုတန်ဖိုး၏တစ်၀က် ရုံးခွန်ထမ်းဆောင်

အခွန်တံဆိပ်ခေါင်း ထမ်းဆောင်ခြင်း

  • ကျမ်းကျန်လွှာ (အခွန်တော် Revenue) ၁၅၀ိ/-ကျပ်
  • အထွေထွေ ကိုယ်စားလှယ်လွှဲစာ
  • အထူးကိုယ်စားလှယ်လွှဲစာ
  • တရားရုံး ကိုယ်စားလှယ်လွှဲစာ ၃၀၀ိ/-ကျပ်

တရားမပြင်ဆင်မှု စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးရန်အတွက် မည်သည့်တရားရုံးသို့ ဖြစ်စေ တင်သွင်းသည့် လျှောက်လွှာ

  • အချင်းဖြစ်စေ(သို့) အချင်းဖြစ်အကြောင်းအရာ၏ တန်ဖိုးမှာ ကျပ် ၁၀၀,၀၀၀ိ/ – ထက် မပိုလျှင် – ၂၀၀၀ိကျပ်
  • အချင်းဖြစ်စေ(သို့) အချင်းဖြစ်အကြောင်းအရာ၏ တန်ဖိုးမှာ ကျပ် ၁၀,၀၀၀,၀၀၀ိ/ – ထက် မပိုလျှင် – ၁၀၀၀၀ိ/- ကျပ်
  • အဆိုပါငွေ (သို့) တန်ဖိုးမှာ ကျပ် ၁၀,၀၀၀,၀၀၀ / – ကျပ် ထက်ပိုလျှင် – ၂၀၀၀၀ိ/ -ကျပ်

ပြစ်မှုများတွင် အယူခံတက်ရောက်ခြင်း

  • မြို့နယ်တရားရုံး ချမှတ်သည့် အပြီးသတ်အမိန့် ခရိုင်သို့ အယူခံမှုသွင်း(တရားစီရင်ရေး ဥပဒေပုဒ်မ ၅၄ အရ ကိုးကား)

  • ခရိုင်တရားရုံးမှ ချမှတ်သည့် အပြီးသတ် အမိန့် ပြည်နယ်(သို့) တိုင်းဒေသကြီးသို့ အယူခံမှုသွင်း (တရားစီရင်ရေး ဥပဒေပုဒ်မ ၃၉ အရ ကိုးကား)

  • ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ချမှတ်သည့် အပြီးသတ်အမိန့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်(နေပြည်တော်)သို့ အယူခံမှုသွင်း (တရားစီရင်ရေး ဥပဒေပုဒ်မ ၁၂ အရ ကိုးကား)

  • သေဒဏ်အမိန့်ချသည့်နေမှ ()ရက်အတွင်း ရာဇ၀တ်မှုများတွင် အယူခံတစ်ကြိမ်သာ တက်ခွင့်ရှိသည်။ ယင်းနောက် ရာပြင်ရုံး အဆင့်ဆင့်တက်နိုင်….

ဥပဒေပညာဖြင့် အသက်မွေး၀မ်းကျောင်း ပြုကြရာတွင် ရှေ့နေပညာရပ်သည်သာ အမွန်မြတ်ဆုံး ဖြစ်ပါသည်။

ရာဇ၀တ်ပြင်ဆင်မှုများ

  • မြို့နယ်တရားရုံး၊ ခရိုင်တရားရုံး၊ ပြည်နယ်နှင့် တိုင်းတရားရုံး တို့မှ ချမှတ်သည့် ကြားဖြတ်အမိန့် (ဥပဒေ နောက်တိုး တရားခံ၊ သက်သေ၊ သက်သေခံအဖြစ်တင်သွင်းသည့် စာမှတ်စာတမ်း၊များကို (လက်ခံ / ပယ်သည့်အမိန့်)၊ စွဲချက်တင်သည် / မတင်သည့်အမိန့်၊ လက်ရေး လက်မှတ်ကျွမ်းကျင်သူထံပေးလိုရန်၊ ပေးပို့ခြင်းကို ငြင်းပယ်သည့်အမိန့် စသည့် အမိန့်များကို တစ်ဆင့်မြှင့် တရားရုံးသို့ ရာဇ၀တ်ပြင်ဆင်မှုများ တင်သွင်းနိုင်သည်။)( ပြင်ဆင်မှု လျှောက်လွှာအတွက် သတ်မှတ်ရုံးခွန် အတိုင်း ထမ်းဆောင်ရမည်။)

တရားမပြင်ဆင်မှုများ

  • မြို့နယ် တရားရုံး၊ ခရိုင်တရားရုံး၊ပြည်နယ်နှင့် တိုင်းတရားရုံး တို့မှ ချမှတ်သည့် ကြားဖြတ်အမန့်၊ ထုံးပုံကျကို ( ဥပမာ အမှုသည် အဖြစ် ဖယ်ထုတ်သည့် ဆုံးဖြတ်ချက်၊ မဖယ်ထုတ်သည့် ဆုံးဖြတ်ချက်၊ နောက်တိုး ငြင်းချက် ခွင့်ပြုသည့်အမိန့် / ခွင့်မပြု သည့် အမိန့် ၊ တရားမကျင့်ထုံးဥပဒေအမိန့် ၁၃ နည်း ၂ အရ ခွင့်ပြုသည့် အမိန့် / ခွင့်မပြုသည့် အမိန့်၊ တရားစွဲဆိုရန် အကြောင်း ပေါ်ပေါက်ကြောင်းချမှတ်သည့်အမိန့်၊ ဆိုလွှာ / ချေလွှာ ပြင်ဆင်ခွင့်ပြုသည့် အမိန့်စသည်ဖြင့်–) တစ်ဆင့် မြင့်ရုံးသို့ တရားမပြင်ဆင်မှုများ တင်သွင်းနိုင်သည်။