ရုံးခွန်တော် ကျသင့်ငွေများ ထမ်းဆောင်ခြင်း
တရားရုံးသို့ အမိန့်ချမှတ်ပေးရန် တင်သွင်းသည့် လျှောက်လွှာ
- မြို့နယ်တရားရုံး ၅၀ိ/- ကျပ်
- ခရိုင်တရားရုံး ၁၀၀ိ/-ကျပ်
- ပြည်နယ်/ တိုင်းဒေသကြီးလွှတ်တော် ၂၀၀ိ/-ကျပ်
ရုံးခွန်တော် ဆင့်စာခ ထမ်းဆောင်ခြင်း
- မြို့နယ် တရားခံ/ တရားပြိုင် (၁)ဦးအတွက် ၅၀ိ/-ကျပ်
- ခရိုင်တရားခံ/တရားပြိုင်(၁)ဦးအတွက် ၁၀၀ိ/-ကျပ်
- ပြည်နယ်/တိုင်းဒေသကြီး- တရားခံ/တရားပြိုင်/ လျှောက်ထားခံရသူ(၁)ဦးအတွက် ၂၀၀ိ/-ကျပ်
- ပြည်ထောင်စု တရားလွှတ်တော်ချုပ်လျှောက်ထားခံရသူ/ တရားပြိုင်(၁)ဦးအတွက် ၄၀၀ိ/-ကျပ်
မိတ္တူကူးတွင် ကျသင့်သည့် တံဆိပ်ခေါင်းခွန်
- တာ၀န်ခံမိတ္တူ———————အမိန့်စီရင်ချက် ၃၅၀ိ/-ကျပ်
- ကူးယူခ—————————-(၁)မျက်နှာ ၅၀ိ/-ကျပ်
ပုံသေရုံးခွန်များ
- ခွင့်ပြုချက်နှင့်ထားသူ နှင်လိုမှု ၁၀၀၀ိ/-ကျပ်
- လင်မယားကွာလိုမှု(ပစ္စည်းခန်းမပါ) ၁၀၀၀ိ/-ကျပ်
- မြွက်ဟကြေညာပေးစေလိုမှု ၁၀၀၀ိ/-ကျပ်
- မွေးစားခြင်းကို ပယ်ဖျက်ပေးစေလိုမှု ၁၀၀၀ိ/-ကျပ်
- သီးခြားသက်သာခွင့် ပုဒ်မ(၉)အရစွဲဆိုမှု အမှုတန်ဖိုး၏တစ်၀က် ရုံးခွန်ထမ်းဆောင်
အခွန်တံဆိပ်ခေါင်း ထမ်းဆောင်ခြင်း
- ကျမ်းကျန်လွှာ (အခွန်တော် Revenue) ၁၅၀ိ/-ကျပ်
- အထွေထွေ ကိုယ်စားလှယ်လွှဲစာ
- အထူးကိုယ်စားလှယ်လွှဲစာ
- တရားရုံး ကိုယ်စားလှယ်လွှဲစာ ၃၀၀ိ/-ကျပ်
တရားမပြင်ဆင်မှု စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးရန်အတွက် မည်သည့်တရားရုံးသို့ ဖြစ်စေ တင်သွင်းသည့် လျှောက်လွှာ
- အချင်းဖြစ်စေ(သို့) အချင်းဖြစ်အကြောင်းအရာ၏ တန်ဖိုးမှာ ကျပ် ၁၀၀,၀၀၀ိ/ – ထက် မပိုလျှင် – ၂၀၀၀ိကျပ်
- အချင်းဖြစ်စေ(သို့) အချင်းဖြစ်အကြောင်းအရာ၏ တန်ဖိုးမှာ ကျပ် ၁၀,၀၀၀,၀၀၀ိ/ – ထက် မပိုလျှင် – ၁၀၀၀၀ိ/- ကျပ်
- အဆိုပါငွေ (သို့) တန်ဖိုးမှာ ကျပ် ၁၀,၀၀၀,၀၀၀ / – ကျပ် ထက်ပိုလျှင် – ၂၀၀၀၀ိ/ -ကျပ်
ပြစ်မှုများတွင် အယူခံတက်ရောက်ခြင်း
-
မြို့နယ်တရားရုံး ချမှတ်သည့် အပြီးသတ်အမိန့် ခရိုင်သို့ အယူခံမှုသွင်း(တရားစီရင်ရေး ဥပဒေပုဒ်မ – ၅၄ အရ ကိုးကား)
-
ခရိုင်တရားရုံးမှ ချမှတ်သည့် အပြီးသတ် အမိန့် ပြည်နယ်(သို့) တိုင်းဒေသကြီးသို့ အယူခံမှုသွင်း (တရားစီရင်ရေး ဥပဒေပုဒ်မ – ၃၉ အရ ကိုးကား)
-
ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ချမှတ်သည့် အပြီးသတ်အမိန့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်(နေပြည်တော်)သို့ အယူခံမှုသွင်း (တရားစီရင်ရေး ဥပဒေပုဒ်မ ၁၂ အရ ကိုးကား)
-
သေဒဏ်အမိန့်ချသည့်နေမှ (၇)ရက်အတွင်း ရာဇ၀တ်မှုများတွင် အယူခံတစ်ကြိမ်သာ တက်ခွင့်ရှိသည်။ ယင်းနောက် ရာပြင်ရုံး အဆင့်ဆင့်တက်နိုင်….
ဥပဒေပညာဖြင့် အသက်မွေး၀မ်းကျောင်း ပြုကြရာတွင် ရှေ့နေပညာရပ်သည်သာ အမွန်မြတ်ဆုံး ဖြစ်ပါသည်။
ရာဇ၀တ်ပြင်ဆင်မှုများ
-
မြို့နယ်တရားရုံး၊ ခရိုင်တရားရုံး၊ ပြည်နယ်နှင့် တိုင်းတရားရုံး တို့မှ ချမှတ်သည့် ကြားဖြတ်အမိန့် (ဥပဒေ – နောက်တိုး တရားခံ၊ သက်သေ၊ သက်သေခံအဖြစ်တင်သွင်းသည့် စာမှတ်စာတမ်း၊များကို (လက်ခံ / ပယ်သည့်အမိန့်)၊ စွဲချက်တင်သည် / မတင်သည့်အမိန့်၊ လက်ရေး လက်မှတ်ကျွမ်းကျင်သူထံပေးလိုရန်၊ ပေးပို့ခြင်းကို ငြင်းပယ်သည့်အမိန့် စသည့် အမိန့်များကို တစ်ဆင့်မြှင့် တရားရုံးသို့ ရာဇ၀တ်ပြင်ဆင်မှုများ တင်သွင်းနိုင်သည်။)( ပြင်ဆင်မှု လျှောက်လွှာအတွက် သတ်မှတ်ရုံးခွန် အတိုင်း ထမ်းဆောင်ရမည်။)
တရားမပြင်ဆင်မှုများ
-
မြို့နယ် တရားရုံး၊ ခရိုင်တရားရုံး၊ပြည်နယ်နှင့် တိုင်းတရားရုံး တို့မှ ချမှတ်သည့် ကြားဖြတ်အမန့်၊ ထုံးပုံကျကို ( ဥပမာ –အမှုသည် အဖြစ် ဖယ်ထုတ်သည့် ဆုံးဖြတ်ချက်၊ မဖယ်ထုတ်သည့် ဆုံးဖြတ်ချက်၊ နောက်တိုး ငြင်းချက် ခွင့်ပြုသည့်အမိန့် / ခွင့်မပြု သည့် အမိန့် ၊ တရားမကျင့်ထုံးဥပဒေအမိန့် ၁၃ နည်း ၂ အရ ခွင့်ပြုသည့် အမိန့် / ခွင့်မပြုသည့် အမိန့်၊ တရားစွဲဆိုရန် အကြောင်း ပေါ်ပေါက်ကြောင်းချမှတ်သည့်အမိန့်၊ ဆိုလွှာ / ချေလွှာ ပြင်ဆင်ခွင့်ပြုသည့် အမိန့်စသည်ဖြင့်–) တစ်ဆင့် မြင့်ရုံးသို့ တရားမပြင်ဆင်မှုများ တင်သွင်းနိုင်သည်။